အသည်းအဆီဖုံးတာကို (၁၀)ရက်အတွင်းပျောက်ခဲ့သူရဲ့ကိုယ်တွေ့ဆေးနည်း

 🍑အသည်းအဆီဖုံးတာကို (၁၀)ရက်အတွင်းပျောက်ခဲ့သူရဲ့ကိုယ်တွေ့ဆေးနည်း

➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕

ယခုခေတ်ကာလမှာ အဖြစ်များနေသော ရောဂါမှာ အသည်းအဆီဖုံးရောဂါ ဖြစ်သည်။ နေ့စဉ်စားသောက်နေသော အစားအသောက်များက အဆီအဆိမ့်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အသည်း အဆီဖုံးရောဂါ ဖြစ်ရသည်။ အများအားဖြင့် ဝလွန်သူ၊ လမ်းလျှောက်နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။



တစ်နေ့တွင် စာရေးသူ၏ ဆေးဆိုင်သို့ အသည်းအားဆေး Livolin (လစ်ဗိုလင်) လာရောက် ဝယ်ယူသူ တစ်ဦးက-ကျွန်တော့်မိန်းမ အသည်းအဆီဖုံးရောဂါ ဖြစ်နေတာကြာပြီ ဆရာရယ်၊ သူက လမ်းလျှောက်ပါဆိုရင်လည်း မလျှောက်၊ နေ့ခင်း ထမင်းစားပြီးလည်း အိပ်၊ စားတော့လည်း ဝက်သားအဆီတို့၊ ငါးမြင်းဗိုက်သားတို့ ထောပတ်ထမင်းတို့ မဖြစ်ခံနိုင်တော့မလား။ခုတော့ အသည်းပါရဂူကို လုပ်ကျွေးနေရပြီ။ သူက ဆေ.ဝယ်ရင်းဖြင့် ဇနီးဖြစ်သူ အသည်းအဆီဖုံး ရောဂါသည်အကြောင်း ရင်ဖွင့်နေသည်။

သူ့ရင်ဖွင့်သံကို ကြား၍ ထင်သည်၊ စာရေးသူ၏ခေါင်းရင်းအိမ်မှ ဦးကျော်သန်းက စာရေးသူ၏ ဆိုင်ဘက်သို့ ကူးလာပြီး-

ကဲ-နောင်ကြီးမိန်းမ အသည်းအဆီဖုံးရောဂါဖြစ်တာ ဘာမှမပူနဲ့၊ ဆေးနည်းပေးလိုက်မယ်၊

ခင်ဗျား စွဲမြဲစွာ မှတ်ထားဟုဆိုကာ➡

အသည်းအူ လဲလူ-တဲ့၊ အသည်းရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက်ဘာမဆို သောက်လို့ရတယ်။ ဆေးနည်းကလည်းခက်ခက်ခဲခဲမဟုတ်ပါဘူး၊


➡လဲလူအမြစ်ရရင် အမြစ်၊ မရရင်လည်း လဲလူရွက်၊ လက်တစ်ဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား၊ အရွက်လက်တစ်ဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်ပေးပါ။




➡အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။


🍑ကျွန်တော့်သူငယ်ချင်း အင်းစိန် ပေါက်တောရပ်ကွက်က ကိုမင်းနိုင်ဆိုရင် အသည်းကင်ဆာဖြစ်တာတောင် သက်သာတယ်။ မိတ်ဆွေ ယုံယုံကြည်ကြည် သုံးပေတော့။ ဦးကျော်သန်း ပြောပြသော ဆေးနည်းကို အသည်းအားဆေး လာဝယ်သူက သေချာစွာ လိုက်လံမှတ်သားနေပါသည်။ ပြီးမှ သူသိလိုသော လဲလူ အကြောင်းကို ဦးကျော်သန်းကိုမေးကြည့်လိုက်ပါသည်။ ဒါနဲ့ လဲလူက ဘယ်မှာ ရှာရမှာလဲ၊ ကျွန်တော်လည်း လဲလူရွက်ကို တစ်ခါမှ မမြင်ဖူးဘူး။ လဲလူပင်က အထက်အညာဒေသမှာတော့ ပေါတယ်။ရေစကြိုနယ်မှာ ဆိုရင် လဲလူဖို၊ လဲလူမ -လို့တောင်အဖိုပင် အမပင်ရှိတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်းပေါတယ်။


ရန်ကုန်နဲ့ အနီးဆုံးပြောရမယ် ဆိုရင်တော့ လှည်းကူးမြို့နယ်ထဲကငါးဆူတောင်ဘက်မှာရှိတယ်။ တစ်ခါတစ်ခါလည်း အင်းစိန် တညင်းကုန်း ဘူတာဈေးမှာ ကုန်စိမ်းရောင်းတဲ့ ဟင်းရွက်သည်တွေဆီမှာ ပါလာတတ်တယ်။ မေးဝယ်လို့ရတယ်။ ကြိုတင်မှာထားလို့လည်း ရတယ်။ တကယ်ထက်တယ်၊ ပြောမယုံ ကြုံဖူးမှသိဆိုသလို သုံးကြည့်ရင် သိလိမ့်မယ်။


ထိုဆေးဝယ်သူ ပြန်သွားပြီး နှစ်ရက် သုံးရက်ခန့် အကြာတွင် တညင်းကုန်းဘူတာဈေးမှ လဲလူရွက်များရ၍ သူ့ဇနီးဖြစ်သူ စားသုံးနေကြောင်း သိရပါသည်။ ၁၀-ရက်ခန့်အကြာတွင် ဆေးဝယ်လာသူသည် အပူငြိမ်းဆေး လာဝယ်ရင်းဖြင့် သူ့ ဇနီးသည် ခံစားနေရသော အသည်းအဆီဖုံးရောဂါဝေဒနာ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း အားရဝမ်းသာ ပြောပါသည်။ ဆေးနည်းဒါနပြုသော ဦးကျော်သန်းကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောရင်း စာရေးသူ ပီတိဖြစ်နေမိပါတော့သည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တစ်ဆင့် ပြန်လည်မျှဝေပါသည်

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ