ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်းတိုများ
ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်းတိုများ
🍊🥑🍅🥜🌶🌽🥕🥒🍆🥝🍐🍒🍓🍍🍤🌽🌶🍅
➡ထန်းလျက်နှင့် ဇ၀က်သာ ဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။
➡ ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။
➡ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။
➡ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။
➡ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။
➡ ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။
➡သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။
➡ ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။
➡ ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။
➡ ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ဝအောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်း၏။
➡ မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။
➡ ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။
➡ ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။
➡ ကြက်သွန်နီကို များများစားပေးပါ။
➡ ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။
➡ ဆီးဖြူသီးအစေ့ကို စားပေးပါ။
➡ တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ဆီးအောင့်ကျောက်တည် ပျောက်၏။
➡ ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။
➡ ဘူးသီးပြုတ်ကို များများစားပေးပါ။
➡ ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)
Comments
Post a Comment