အမျိုးသား အားနည်းရောဂေါ နှင့် ငါးကြင်းသားဓာတ်စာ။
အမျိုးသား အားနည်းရောဂေါ နှင့် ငါးကြင်းသားဓာတ်စာ။
အကုရခက်သော အမျိုးသားများတွင်ဖြစ်လေ့ရှိသော ရောဂါနှစ်မျိုးရှိသည်။ ထိုရောဂါနှစ်မျိုးမှာ ငယ် ရွယ်သူများတွင် သုက်လွှတ်မြန်သောရောဂါနှင့် အသက်ကြီးသူများတွင် ပန်းညှိုး၊ ပန်းသေရောဂါများဖြစ် သည်။
ထိုရောဂါများအတွက် ဆေးကျမ်းများတွင် ပါဝင်သည့်ဆေးများမှာ ရှဥ့်မတက်ဥ၊ တောင်ကြာဥ၊ စာ သူငယ်ဦးနှောက်၊ ကျားအား၊ ဝံသည်းခြေ၊ ခန်းတောက်မြစ်၊ ကှာဝစၦံ စသည်များကို တစ်မယ်ခြင်းဖြစ်စေ၊ အခြားဆေးအမယ်များနှင့် ပေါင်းစပ်၍ဖြစ်စေ ထောပတ်၊ မခမ်း၊ တင်လဲ၊ ပျားရည်တို့နှင့် ဖြစ်စေရောစပ်၍ တိုက်ကြွေးလေ့ရှိပါသည်။သက်သာသူများ ပျောက်ကင်းသူများရှိသလို ဘာမျှမထူးခြားသူများလည်း ရှိပါ သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ဤရောဂါမျိုးကုသပေးဖူးသော လူနာမိတ်ဆွေတစ်ဦးနှင့် ပြန်လည် ဆုံဆည်းပါသည်။
သူသည်ယခင်က အမျိုးသားရောဂါရရှိပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာသဖြင့် လူကပိန် ပြီး မျက်ကွင်းများညိုကာ မျက်လုံးမှာလည်း အရောင်မတောက်တော့ဘဲ မှေးမှိန်လျှက်ရှိပါသည်။
သူ့အတွက် ငွေဘယ်လောက်ကုန်ကုန် အကောင်းဆုံးပရဆေးနှင့်အားဆေးများ ဖော်ပေးပါဆိုသဖြင့် အားတိုးဆေးပေါင်း ချုပ် ဆေးကျမ်းများမှ အကောင်းဆုံးဆုံး တန်ဖိုးအကြီးဆုံးဆေးများ ဖော်ပေးခဲ့ပါသည်။
စာရေးသူမှတ်မိသမျှ ထိုသူကို ဖော်ပေးခဲ့သော ဆေးအမယ်များတွင် ရှားပါးသည့် ကုံကမံ၊ ငှက် သိုက်၊ ကြံ့သွေး၊ ရွှေဆိုင်းစသည့် အဖိုးတန်ဆေးအမယ်များပါသည်။
သဘာဝငှက်သိုက်ဆိုလျှင် အကျိုး အပဲ့ပင်လျှင် တစ်ကျပ်သား တစ်သောင်းကျပ်ခန့် ပေးရသည်။ အိန္ဒိယမှလာသည့် ကြံ့သွေးဆိုလျှင်လည်း ဤသို့ပင်ပေးရသည်။ ဆေးတစ်ဖုံဖော်လျှင် တစ်လစာငွေကျပ် လေးသိန်း၊ ငါးသိန်း ကျသင့်သည်။ သို့သော် ၆ လခန့် စွဲစားသည့်တိုင် သူ၏ ပန်းညှိုးရောဂါမှာ ပြန်လည်လန်းဆန်းလာခြင်းမရှိပါ။
ယခု ၂နှစ် ၃ နှစ်ခြားမှ သူ့ကိုပြန်တွေ့ရသောအခါ ရှေးယခင်နှင့်မတူ လန်းဆန်းတက်ကြွနေပြီး လူ အင်္ဂါရုပ်မှာလည်း စိုပြေနေသဖြင့် စကားစပ်ပြီး မေးမြန်းကြည့်မိသည်။ သူ့တွင် ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆရာကောင်းဆေးနည်းကောင်း တွေ့ပြီဟုထင်သည်။
သူနှင့်နီးစပ်ရာ လက်ဖက်ရည် ဆိုင်တစ်ခုတွင်ထိုင်ပြီး မှတ်စုစာအုပ်ပါဖွင့်၍ ဆေးနည်းများရလိုရငြား မေးမြန်းသောအခါ သူပြောသော ဆေး နည်းမှာ စာရေးသူထင်မထားမိသော ဆေးနည်းဖြစ်နေပေသည်။
သူ့ရောဂါပျောက်ကင်းသွားသော ပန်းသေပန်းညှိုး ပျောက်နိုင်သည့်ဆေးမှာ ငါးကြင်းသားဖြစ်သည် ဟုဆိုသည်။သူသည် သူကဲ့သို့ဖြစ်ဖူးသော လူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူက သူ့ကိုဆေးနည်းပေး သည်။ အိုင်ကလောင်ဘက်မှ ဓာတ်စာဆရာကြီး၏ ဓာတ်စာပေးသောနည်း ဖြစ်သည်ဟု ဆိုသည်။
ဆူဖြိုး၍ အကောင်ကြီးသော မြစ်ငါးကြင်းသား လတ်လတ်ဆတ်ဆတ်ကိုသာ ရအောင်ရှာပြီး နေ့စဉ်ရက်ဆက် ၇ ရက် မှ ၁ လခန့်အထိစားသုံးပါ။ ပြန်ပြီးအားအင်ပြည့်ဖြိုး လန်းဆန်းလာပါလိမ့်မည် ဟုဆိုသည်။
ထိုသို့စားရာတွင် တစ်ခုသတိပြုရမည်မှာ ငါးကြင်းကို ကြော်မစားဖို့ ဖြစ်သည်။ ကြော်စားလျှင် ငါးကြင်း၏အဆီဓာတ်များ လောင်ကျွမ်းသွားမည်။ အားဆေးမဖြစ်တော့ ဟုဆိုသည်။
နောက်တစ်ခုသတိထားရန်မှာ ကန်များတွင် မွေး မြူသည့် ငါးမဖြစ်စေရ။ မြစ်ရေကို စုန်ဆန်ကူးလာနိုင်သည့် ငါးကြင်းမျိုးက ပို၍ အားဆေးဖြစ်သည်ဟု ဆိုပါ သည်။ ဤသည်မှာ စာရေးသူ၏မိတ်ဆွေ ကိုယ်တွေ့ ပြောပြချက်ဖြစ်ပါသည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment