ရေတိမ်ရောဂါ (Glaucoma) အကြောင်းသိကောင်းစရာ
🇨🇭ရေတိမ်ရောဂါ (Glaucoma) အကြောင်းသိကောင်းစရာ
ရေတိမ်ရောဂါဆိုသည်မှာ မျက်လုံးအတွင်းရှိ ရေဖိအားမြင့်တက်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ အမြင်အာရုံကြော ထိခိုက်ပျက်စီးခြင်း ဖြစ်ပါသည်။
အသက်၆၀အရွယ်ပိုင်းတွင် ဖြစ်ပွားသော အမြင်အာရုံဆုံးရှုံးမှု၏ အဓိကရောဂါတစ်ခု ဖြစ်ပါသည်။
အဖြစ်များရေတိမ်ရောဂါ
အမျိုးအစား (၂)မျိုး
၁။ ထောင့်ကျယ်ရေတိမ်ရောဂါ
၂။ ထောင့်ကျဉ်းရေတိမ်ရောဂါ
◾၁။ ထောင့်ကျယ်ရေတိမ်ရောဂါ အဖြစ်အများဆုံး ရေတိမ်ရောဂါဖြစ်ပါသည်။
ဖြည်းညင်းစွာ ဖြစ်ပေါ်တတ်ပြီးအစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာ မပြသဖြင့် အမြင်အာရုံထိခိုက်သောအဆင့် (သို့မဟုတ်) ပုံမှန်မျက်စိစမ်းသပ်သောအချိန်မှသာ တွေ့ရှိရတတ်ပါသည်။
◾၂။ ထောင့်ကျဉ်းရေတိမ်ရောဂါ အချို့သူများတွင်
- ရုတ်တရက် အမြင်အာရုံကျဆင်းခြင်း
- မခံမရပ်နိုင်အောင် မျက်လုံးကိုက်ခဲခြင်း
- ပျို့ခြင်း
- အန်ခြင်း စသော ရုတ်တရက်အခြေအနေ အဖြစ်တွေ့ရတတ်ပါသည်။
🔘ဖြစ်နိုင်ချေ....
၁။ မျက်လုံးထဲတွင် ရေပေါင်များ များနေခြင်း
၂။ အသက် ၆၀ အထက် ကြီးရင့်သူများ
၃။ မျိုးရိုးထဲတွင် ရေတိမ်ရောဂါ ရှိသူများ
၄။ ဆီးချို၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါနှင့် Sickle cell anaemia ရောဂါ ရှိသူများ
၅။ အနီးမှုန် ရောဂါရှိသူများ
၆။ မျက်လုံးထိခိုက်ဖူးသူ/ မျက်လုံးခွဲစိတ်မှု ပြုလုပ်ဖူးသူများ
၇။ Oestrogen ဟော်မုန်း ချို့တဲ့နေသူများ
၈။ ကြာရှည်ခံဆေးပါသောမျက်စဉ်းကို အချိန်ကြာမြင့်စွာ သုံးစွဲသူများသည် ရေတိမ်ရောဂါ အဖြစ်များနိုင်သည့်အတွက် သတိထားသင့်ပါသည်။
🔘 အဖြစ်များသော ပုံစံ နှင့် သတိထားစရာ....
မျက်စိနဲ့ မျက်နှာမှာ အပြာရောင်အကွက်တွေဖြစ်လာရင် မျက်စိရေတိမ်ဖြစ်ဖို့များပါတယ်။ မျက်စိတစ်ဖက်ထဲ သူငယ်အိမ်ကျယ်လာတယ်၊ ထိခိုက်မှုလည်းမရှိရင် ရေတိမ်စစ်ဆေးရပါမယ်။ မျက်စိကို ဆွဲထားသလို တင်းတင်းကြီး ဖြစ်နေရင် ဆရာဝန်နဲ့စစ်ဆေးနိုင်ပါတယ်။ မိမိမှာ ဆီးချို၊ သွေးချို သွေးတိုးလည်းရှိတယ် ရေပေါင်ချိန်လည်း တက်တယ် ဆိုရင်တော့ ပိုပြီး သတိထားရပါမယ်။
ရုတ်တရက် ဝါးသွားတယ် မှုန်သွားပြီး ဖြေးဖြေးချင်း ကိုက်လာရင် ရေတိမ်ဖြစ်နိုင်ချေများပါတယ်။ ရေတိမ်ရှိသူ အမျိုးသားတစ်ယောက်က လိင်ဆက်ဆံချိန် ကြာဆေးတွေ သုံးစွဲမရပါဘူး။ Dexoptic-Nလို ခွဲလူနာသုံးဆေးကို ရေတိမ်သမားခပ်ရင် သတိထားရပါမယ်၊ ဆရာဝန်ညွန်ကြားမှသာ သုံးရပါမယ်။
ရေတိမ်ဖြစ်တယ် ရေပေါင်ချိန်ကျအောင် ဆေးခပ်တယ်။ ရေဖိအားများလို့ ရေပေါင်ချိန်တက်လာရင်တော့ စိတ်ဖိစီးမှု လျော့ကျဖို့လိုတယ်။ စိတ်ဖိစီးမှုများလို့ မျက်လုံးနဲ့ ဦးနှောက်နောက်ဘက်ကိုက်ရင် ရေဖိအားတက်လာလိမ့်မယ်၊ အိပ်ရင် ပက်လက်အိပ်ပါ ခေါင်းကို အမာနဲ့မအိပ်ရ၊ ခေါင်းအုံးမြင့်မြင့် ပျော့ပျော့နဲ့ အိပ်ရပါမယ်။
🔘ခွဲစိတ်ခြင်း.....
ရေတိမ်ကို ခွဲလိုက်တယ် ဆရာ ဒါပေမဲ့ ကောင်းကောင်းမမြင်ရတဲ့လူနာတွေ မေးတာများပါတယ်။ အတွင်းတိမ်ကျန်နေတာမျိုး ဖြစ်တတ်တာကြောင့် သက်ဆိုင်ရာဆရာဝန်တွေနဲ့ သေချာပြန်စစ်ဆေးပြီး အတွင်းတိမ်ပြန်ခွဲရတာမျိုး ရှိပါမယ်။ ရေတိမ်က ခွဲပြီးလည်း တစ်ချို့တွေ ပြန်ဖြစ်ကြပါတယ်။
🔘မှန်းချေ.....
မျက်ရည်စိုစွတ်မှု 10 mm ထက်များရပါမယ် ထုံဆေးခပ်စမ်းရင်။ ထုံဆေးမပါရင် ၁၅ ထက် များရမယ်။ 20 ကျော်ရင်တော့ ရေတိမ် သံသယ ရှိပါတယ်။ ဆရာဝန်ညွန်ကြားသလို ဆောင်ရွက်နိုင်ပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment