မြန်မာရိုးရာ ဆေးဖက်ဝင် အားဖြည့်ဓါတ်စာ
မြန်မာရိုးရာ ဆေးဖက်ဝင် အားဖြည့်ဓါတ်စာ
🇨🇭ငှက်သိုက်စျေးကြီးလို့ ဝယ်မသောက်နိုင်လို့ စိတ်မညစ်ကြနဲ့ ကိုယ်တွေ့ ပြောပြမယ်။
တန်ဖိုးနည်းပြီး အကျိူးများတဲ့ လယ်ကန်ဇွန်းရိုးနီ နဲ့ ထန်းဖိုဦးထန်းလျက် ပြုတ်ရည်ပါ။
အားဆေး..အားဆေး ဒီအချိန်အားရှိဖို့အဓိက.. ငှက်သိုက်ထက် ပိုအားရှိတယ်လို့မှတ်သားဖူးပါတယ်။
ဖေဖေဆေးရုံတက်တုန်းက ကျမက ကျွန်းငှက်သိုက်ရှာဝယ်နေတော့ သူငယ်ချင်းတစ်ယောက်ကပြောလာတယ်.. ကန်ဇွန်းရိုးနီ နဲ့ ထန်းဖိုဦးထန်းလျက် ပြုတ်တိုက်.. ငှက်သိုက်ထက်ပို အားကောင်းတယ်ဆိုတာနဲ့ လုပ်တိုက်ပါတယ်။ အားရှိတာလည်းမှန်ပါတယ်။ ဖေဖေ့ ချောင်းဆိုးလည်းသက်သာတယ်။ ဝမ်းလည်းမှန်လာပါတယ်။
ဖေဖေ့ကို ဆေးရုံမှာ အသည်းအသန်ကုနေရတော့ အဲဒီချိန်မှာ ကျမ ဆီးက ဆန်ဆေးရေလို ဖြစ်နေတာလည်း မကုဖြစ်ခဲ့ဘူး၊ ဖေဖေ့အတွက်ပြုတ်ယူလာတဲ့ ကန်ဇွန်းရိုးနီ နဲ့ ထန်လျက်ပြုတ်ရည်တွေ အားရှိတယ်ဆို ယူယူသောက်တာ ဆီးပြသနာ အံဩလောက်အောင် ကောင်းသွားပါတယ်။
ကျမကတော့ ကန်ဇွန်းရွက်လက်ဆုတ်တစ်စီးကို ထန်းလျက် (၅)လုံး ရေမတ်ခွက် (၃)ခွက် (၁)ခွက်တင်ကျိုပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment