ကလေးသူငယ်ကျန်းမာရေးနှင့် အိမ်တွင်းဆေးနည်းတိုများ

 ကလေးသူငယ်ကျန်းမာရေးနှင့် 

အိမ်တွင်းဆေးနည်းတိုများ



ကလေးချွဲထပျောက် ဆေးနည်း

➡မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။

➡ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။

ကလေးဆီးရောဂါပျောက် ဆေးနည်း

➡ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။ (တစ်နည်း)

➡ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ 

➡လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)


ကလေးထိပ်အုံ ဆေးနည်း

➡ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။

ကလေးနို့မျက်ပျောက် ဆေးနည်း

➡ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။


ကလေးသူငယ်နာကင်းရန် ဆေးနည်း

➡ငှက်ပျောသီးကို မီးဖုတ်၍ မကြာခဏ ကျွေးပေးပါ။


ကလေးသန်ကျ ဆေးနည်း

➡ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။


ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း

➡ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီး စည်းထားပေးပါ။


ကြက်ညှာ ဆေးနည်း

➡ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ