" ခြေ လက် ထုံံကျင်နေသူတို့အတွက် ဆေးတစ်လက် "

 🇨🇭" ခြေ လက် ထုံံကျင်နေသူတို့အတွက် ဆေးတစ်လက် "



မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီး ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒီိဆေးနည်းလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများ၊ စက်ချုပ်သမားများ၊ စားဝတ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲ မှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။


အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။


ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။


နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။


တစ်ခြားနည်းတွေလည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တစ်ခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။


လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

💥(ချင်းတက်၊ စပါးလင်၊ သံပုရာသီး) တို့ပဲဖြစ်ပါတယ်။


ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။


ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက် ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ်။


သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ် ။


စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုန်ိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။

ထုံံနာကျဉ်နာဘေးမှကင်းဝေးပြီး ကိုယ်ကျန်းမာ 

စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ