ကြက်သွန်နီ ကြက်သွန်ဖြူတို့၏ ဆေးဖက်ဝင်ဆေးအသုံးများ

ကြက်သွန်နီ ကြက်သွန်ဖြူတို့၏ ဆေးဖက်ဝင်ဆေးအသုံးများ


ကြက်သွန်နီ



ရုက္ခဗေဒအမည် – Allium cepa L.

မျိုးရင်း – Alliaceae

အင်္ဂလိပ်အမည် – Onion


အသုံးပြုပုံ

➡ကြက်သွန်နီသည် ဆီးကို ကောင်းစွာသက်စေသည်။ သွေးကို သန့်ရှင်းကြည်လင်စေသည်။ အပူကို ငြိမ်းစေနိုင်သည်။

➡ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးနည်းခြင်း တို့အတွက် ကြက်သွန်နီကို ပါးပါးလှီးကာ ရှောက်ရည်ဖြင့် ဆမ်းစားရသည်။

➡ကြက်သွန်နီသည် မီးယပ်သွေးကို သန့်ရှင်းကြည်လင်စေနိုင်သော အာနိသင်ရှိသဖြင့် အမျိုးသမီးများ မီးယပ်သွေးပေါ်ချိန်တွင် ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို စားသောက်သင့်သည်။

➡ကြက်သွန်နီကို ရှာလပတ်ရည်သဖွယ် ပြုလုပ်သောက်ပေးခြင်းဖြင့် နှာစေးနှာပိတ်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုတ်အအေးမိခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

➡ကြက်သွန်နီကို ရှားစောင်းလက်ပပ်နှင့် ယိုအဖြစ် ထိုးစားပါက သွေးအားကို တိုးပွားစေပြီး ခွန်အားကို ဖြစ်စေပါသည်။


ကြက်သွန်ဖြူ



ရုက္ခဗေဒအမည် – Allium sativum L.

မျိုးရင်း – Alliaceae

အင်္ဂလိပ်အမည် – Garlic


အသုံးပြုပုံ

➡ကြက်သွန်ဖြူသည် အဆီကိုကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုးရောဂါမှ ကာကွယ်နိုင်သကဲ့သို့ သွေးတိုးရောဂါကို သက်သာစေသည်။

➡ကလေးများ လေဆန်နာဖြစ်လျှင် ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်ကျွေးရသည်။ အအေးမိ၊ အဆုတ်ပွရောဂါ၊ တုပ်ကွေးဖျားကို သက်သာ စေသည်။

➡ကြက်သွန်ဖြူသည် ရောဂါပိုးများကို သေစေနိုင်သဖြင့် အဆုတ်တီဘီရောဂါများတွင် တိုက်ကျွေးနိုင်သည်။

➡လိမ်းဆေးအဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်လိမ်းပြီးလျှင် ကိုယ်လက်အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်း ကိုသက်သာစေသည်။

➡ကြက်သွန်ဖြူကို ကြာရှည်စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ ကင်ဆာဖြစ်ပွားမှုနည်းပါးစေရန် ကြိုတင်ကာကွယ် စားသုံးနိုင်သည်။

➡ကြက်သွန်ဖြူဥတစ်လုံးကို အပ်နှင့်ဖောက်၍ ပျားရည်တွင်စိမ်ထားပြီး နေ့စဉ်စားသုံးပါက အိပ်ပျော်စားဝင် အားအင်ပြည့်ဖြိုးစေနိုင်သည်။

➡စမုန်နက်၊ ရှိန်းခို၊ ကြက်သွန်ဖြူ၊ လင်းနေ၊ ကြောင်ပန်းရွက် ဆတူယူ၍ အမှုန့်ပြုကြိတ်ကာ ပဲဝက်ခန့် အလုံးပြုလုပ်၍ ထားပါ။ ၎င်းဆေး (၂) လုံးမှ (၃) လုံးထိ တိုက်ကျွေးခြင်းဖြင့် ဝမ်းဗိုက်နာ၊ လေနာ၊ အစာအိမ်နာတို့ကို သက်သာပျောက်ကင်းစေသည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ