"ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း" ဖြင့်ရရှိသော ကျန်းမာရေးအကျိုးကျေးဇူးများ
"ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း"
ဖြင့်ရရှိသော ကျန်းမာရေးအကျိုးကျေးဇူးများ
➡တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်..
➡ ညအိပ်ပျော်နေချိန် ဟောက်ခြင်း သွားကြိတ်ခြင်းလျှာဝါးခြင်း သွားရည်ကျခြင်းများ သက်သာ စေသည်..
➡ ရင်ညွှန့်သို့တက်သောလေ ဘဝင်သို့တက်သောလေနှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်
➡ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်
➡ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်
➡ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်
➡ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်
➡ အပူကြောင့် သွားဖုံးကြွခြင်း သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်
➡ဆံပင်ကျွတ်ခြင်း ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်
➡ ဆံပင်ဖြူခြင်းကို သက်သာစေသည်
➡ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်
➡မျက်တွင်းကျခြင်း မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။
ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည် ကြွက်တက် ရောဂါ အဆစ်ရောင် အဆစ်ကိုက်ရောဂါလေးဘက်နာရောဂါ သွားနှင့် သွားဖုံးရောင် သွားဖုံးကြွရော ဂါ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း အစာအိမ်လေပူထခြင်း လေပူအထက်တက်၍ မူးမော ရင်တုန် နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည် ခြေဆေးလျှင်လုံချည် ထဘီကို ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည် ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည် နေ့စဉ်မှန်မှန်ပြုလုပ်မှသာ အကျိုးရှိမည့်နည်းဖြစ်ပါသည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment