သင်္ဘောရွက်၏ အလွန်ဆေးဖက်ဝင်ပုံနှင့် သင်္ဘောရွက်ဆေးနည်းတိုများ

 သင်္ဘောရွက်၏ အလွန်ဆေးဖက်ဝင်ပုံနှင့် သင်္ဘောရွက်ဆေးနည်းတိုများ



သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက် ၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။

 သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။

 ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ 

ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှ သည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။

❌ စားသုံးမှုများလျှင်၊ လွန်ကဲ လျှင်ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။


➡သင်္ဘောရွက် ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြု လုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက် စားလျှင် လေသက်စေသည်။ ညနေစောင်း အချိန် (ညနေ ၃ နာရီမှ ၆ နာရီ အတွင်း) စားလျှင် ပို၍ လေရသည်။ 

➡သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သင်္ဘောရွက်သတ္တုရည်ဟု ခေါ်သည်။ 

➡မကြာသေးမီ က စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီး မင်းယုဝေ ရေးထား သည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက် သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေ တစ်ဦး တွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ကြည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့ သိရသည်ဟု ဆိုသည်။ဆရာကြီးမင်းယုဝေ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည် တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်း ရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ 

➡ ဆရာတော်ကြီး တစ်ပါးမှာ လည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့ သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည် ညှစ်သောက်ရာမှ ကင်ဆာရော ဂါမှာ ဓါတ်ကင်စရာ မလိုတော့ ဘဲ ပျောက်ကင်း ချမ်းသာ ခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ 


➡စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေး သိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင် ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမ ရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေး ခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွား ခဲ့ပါသည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုး ဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါ သည်။ ဘောလုံး ကန်သူ၊ ခြင်း လုံး ခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ် လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေ သည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေး လိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက်ကျီးပေါင်းတက်သူများ ကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံး ဆတူဖြစ်သည်။


➡ ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့် ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ 

➡ သင်္ဘောရွက် သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သား ခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။


➡ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေး များ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။  ကျီးပေါင်းရောဂါ သည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ် လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။

 ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ် ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။


ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည်မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ