မကျီးဖျော်ရည်ကို နေ့စဥ်ပုံမှန်သောက်ပေးခြင်းဖြင့် ရရှိသော အကျိုးတရားများ
မကျီးဖျော်ရည်ကို နေ့စဥ်ပုံမှန်သောက်ပေးခြင်းဖြင့် ရရှိသော အကျိုးတရားများ
မြေအိုး သေးသေးလေးထဲက်ို ရေမပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့် ၊ ထန်းလျက်အလုံးသေးသေးလေးတွေ ၁၅လုံးခန့် ၊ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ် ။
မမွှေနဲ့ မွှေစရာမလိုပါ။ မွှေရင် အဖတ်မှုန်တွေ ထလာလိမ့်မယ် ။ တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်တယ် ။
သောက်ရင် ဘာအကျိုးဖြစ်မလဲဆိုအရင် စဉ်းစားကြည့်ရအောင် ...
➡မကျည်းသီးကို ကြေးဘုရား ကြေးခွက်တွေ အညှိတွေ တက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင်ပြောင်လက်သွားတယ် ။
➡အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ် ။
➡တစ်ချို့က ဆိတ်သားကို အညှီနံ့ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ် ။
➡မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆိုအမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော
ကလေး လူကြီးပါ မကျန်သောက်တဲ့ အကျိုးကြောင့်
ဝမ်းတွင်းအေးနေမယ်။
➡ ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ် ဖယ်ရှားပေးလို့ အပူအစပ် ကင်းစင်မယ်။
➡မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ် အမြဲတမ်းသောက်နေလို့ ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်။
ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ
အခုလိုဥပမာနဲ့ ပြောမယ် ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့ အပြင်မှာထားတဲ့ အသီးအရွက်လိုပဲ ၊ ရင်အေးတယ် ၊ ဝမ်းမှန်တယ် ၊ ဆီးမှန်တယ် ၊ ခံတွင်းရှင်းပြီး အနံ့ပျောက်တယ် ၊ မျက်လုံးကြည်တယ်၊ ဝက်ခြံတွေကင်းစင်တယ် အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ ပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ ရှေးစကားပုံလည်း ရှိတယ်နော် ။
အဖိုး အဖွားတွေ အခုလို သဘာဝအသီးတွေကို ကိုယ့်ဘာသာဖျော်သောက်လို့ ဘာရောဂါမှ မဖြစ်တဲ့အပြင် ငွေတွေ အလဟသ မကုန်ခဲ့လို့ ဘုရားတွေတည် ကျောင်းတွေဆောက် လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး အသက်ရှည်ခဲ့ကြတယ်ဆိုတာကို မမေ့နဲ့နော် ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Credit - Original Writer
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment