ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်းများ

 ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်းများ




ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာကို ကုသနေရသူများဟာ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားလွန်းလှပါတယ်။

အနောက်တိုင်းသားများဟာလည်း ယခုဆိုလျှင် ဘေးထွက်ဆိုးကျိုးမရှိသည့် သစ်ဥ သစ်ဖုများနှင့် အသီးအနှံများဖြင့် သဘာ၀ကျကျ ဖော်စပ်ပြီး သုံးစွဲရသည့် သဘာဝဆေးနည်းများကို အားကိုပြီး သုံးစွဲလာနေကြပါပြီ။


ကျောက်ကပ်အတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။



(၁) ကျောက်ဖရုံသီး ဟင်းချိုကို အသား၊ ငါးတို့မထည့်ပဲ မကြာခဏ ချက်ပြီး သောက်ပေးပါ။

(၂) တရုတ်နံနံပင်ကို (၅)ရွက်ခန့် ရေနွေးထဲ ထည့်စိမ်ပြီး သောက်ပါ။ အရွက်စိမ်း၊ အရွက်ခြောက်တို့ကို လက်ဖက်ခြောက်ခပ်သလို ခပ်၍ သောက်ပါ။ အဖတ်များကိုလည်း ဝါးစားနိုင်ပါတယ်။ ညစာစားပြီး အိပ်ယာမ၀င်ခင် ည(၇) နာရီခန့်တွင် သောက်လျှင် အသင့်တော်ဆုံးပါ။

(၃) ကျောက်ကပ်ကြောင့် ဗိုက်အောင့်ဗိုက်နာနေလျှင် ကျောက်ဖရုံသီးကို ခွဲ၍ အူတိုင်ကို ထုတ်ပြီး အတွင်းသားဖြင့် ကျောက်ကပ်ရှိသည့်နေရာသို့ ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မည်။

(၄) ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ် ချိုးပေးပါ။ ရေပူစမ်းမရှိပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ ချွေးထုတ်ပါ။

(၅) မြင်းခွါရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၊ ဆား၊ ရှာလကာရည်၊ သကြားတို့ကို အနည်းငယ်စီထည့်၊ ရေသန့် သို့မဟုတ် ရေကျက်အေး တစ်ခွက်ထည့်၍ ဖျော်ရည်စက်ဖြင့် ဖျော်ပါ။ ကော်ဖီစစ်ဖြင့် အရည်ကို စစ်ယူ၍ ဗူး၊ ပုလင်းဖြင့် ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပါ။ ၄င်းဆေးရည်ကို ဖျော်ရည်သောက်သလို မကြာဏ သောက်ပေးပါ။ ကျောက်ကြေစေပါမည်။ ဆီးရွှင်၍ ၀မ်းမှန်စေပါသည်။

(၆) သံမနိုင်ကျောက်မနိုင်ပင်၏ ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကိုလက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည် ရောဂါများပျောက်ကင်းစေပါသည်။

၄င်းသဘာ၀နည်းများကို ပြုလုပ်ပေးပါက (၃)လအတွင်း ကျောက်ကပ်ရောဂါ လုံး၀သိသာစွာ သက်သာလာပါလိမ့်မည်။


ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ