ကျန်းမာရေးအတွက် ရေသောက်ပေးရမည့်အချိန်နှင့် ရေ(လုံး၀)မသောက်သုံးသင့်ဆုံးအချိန်

 ကျန်းမာရေးအတွက် ရေသောက်ပေးရမည့်အချိန်နှင့် ရေ(လုံး၀)မသောက်သုံးသင့်ဆုံးအချိန်



💧(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။


💧(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။


💧(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။


💧(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။


💧(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သား​တွေ

ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။


❌- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ. ?


🔵အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေးမသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။


🔵အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။


🔵ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။


🔵ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ