အဆုတ်ရောဂါအမျိုးမျိုးနှင့် ဆေးဖက်ဝင်တောလေးညှင်းပင်
အဆုတ်ရောဂါအမျိုးမျိုးနှင့် ဆေးဖက်ဝင်တောလေးညှင်းပင်
တောလေးညှင်းဆေး ၏ ကောင်းကျိုးများ
➡အဆုတ် နှင့် ပတ်သက်သော ရောဂါများ ဆီးချိုရောဂါ၊အသည်းခြောက်ခြင်း ၊အသည်းမာခြင်း၊ အသည်းကြောင့်ဖောရောင်ခြင်း ၊ချောင်းဆိုး ၊ရင်ကြပ် ပန်းနာရောဂါ အမျိုးမျိုး ၊လည်ချောင်း နှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ရောဂါများ/ အာခြောက်ခြင်း/ ကလေးငယ်များ ရင်ပူခြင်း/ အပူများခြင်း/ ရေငတ်ခြင်း/ ဆီးလွန်ခြင်း မကြာခဏ ဆီးသွားခြင်း ( ညအိပ်တဲ့အခါ ဆီးခဏခဏသွား၍ အိပ်မရပဲ အိပ်ရေးပျက်ရခြင်း။ )တစက် တစက် ဆီးကျန်ခြင်း တို့ကို ကောင်းမွန်စေပါသည်။
➡လွန်ခဲ့သော 17 နှစ်က အမတယောက် ကင်ဆာကုနေချိန်တွင် ကင်ဆာဆေးကြောင့် အဆုတ်ဒဏ်ဖြစ်နေ၍ ဓမ္မမိတ်ဆွေတဦးမှ တောလေးညှင်းပြုတ်သောက်ရန် အကြံပေးပါသည်။ နောင်မှ သိလိုက်ရသည်မှာ ကင်ဆာကိုလည်း အထောက်အပံပေးသောအပင်ဖြစ်ပါသည်။
➡ချောင်းဆိုးတာကြာနေလျင် တောလေးညှင်း အပင်ကို အမြစ်မှနုတ်၍ လက်တစ်ဆုပ်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ မည်မျှချောင်းဆိုးကြာပါစေ၊ တစ်ရက် ၊ နှစ်ရက်သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။ အပင်ပုံစံမှာလမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
➡ချောင်းဆိုး(တီဘီ)ရောဂါ/ ချောင်းဆိုးလို စိတ်မညစ်နဲ့ ဆေးနည်းတော့⬇
တောလေးညှင်း ဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။ တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Credit - Original Writer
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment