သံပုရာသီး၏ ကျန်းမာရေး အကျိုးတရားအမျိုး (၂၀)
သံပုရာသီး၏ ကျန်းမာရေး အကျိုးတရားအမျိုး (၂၀) ၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကိုပြေစေပြီး လူ၏ခန္ဓာကိုယ် တွင် ဖြစ်ပွားတတ်သော အထူးသဖြင့်ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊ ၂။ သံပုရာရည်ကို သကြားအနည်းငယ် ထည့်ကာ များများသောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ဘိန်းမူးလွန်နာ စသည်များ ကို ပျောက်ကင်းစေသည်။ ၃။ ထမင်း စားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လတ်ဆတ်သော သံပုရာရည် ကို သောက်ရပါမည်။ ၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင်အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊ ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။ ၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တစ်ကြိမ်စီသောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။ ၆။ သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထလုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်းများကိုပျောက်ကင်းစေသည်။ ၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာများ ပျောက်ကင်းစေသည်။ ၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်းနှင့် ပွတ်တို