Posts

Showing posts from February, 2023

စားဖိုဆောင် လျှိုဝှက်ချက် (၁)

Image
 စားဖိုဆောင်စား လျှို့ဝှက်ချက် (၁) ဟင်းလျာတို့ရဲ့ လျှို့ဝှက်ချက် 🍐🥝🍆🥒🥕🌽🌶🥜🍅🥑🍊🍗 ၁။ ကြက်သားနှင့်အလိုက်ဖက်ဆုံးမှာ အာလူးဖြစ်ပါသည်။ ၂။ ဘဲသားနှင့်အလိုက်ဖက်ဆုံးမှာ မှိုနှင့်ဂျပန်တို့ဟူးတို့ဖြစ်ပါသည်။ ၃။ ဆိတ်သားကို အမြန်နူးပြီး အနံ့မနံအောင် မချက်ခင် ဒိန်ချဉ်ဖြင့် အရင်နူးနပ်ထားရပါသည်။ ၄။ ဂဏန်းအသား၏ လှို့ဝှက်ချက်သည် ကြက်ဥထည့်ပေးရခြင်း ဖြစ်ပါသည်။ ၅။ အကြော်များ ပိုမိုကြွတ်ရွပြီး စားကောင်းစေလိုပါက မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီးထည့်၊ ရွှေကြည်မှုန့်ကို အနည်းငယ် ထည့်လိုက်ပါ။ ၆။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ဝှက်ချက်မှာ မည်သည့်ဟင်းပွဲကိုမဆို ကြက်ရိုးပြုတ်ရည် အနည်းငယ်ထည့်ချက်ခြင်း ဖြစ်ပါသည်။ ၇။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ထဲတွင် မခါးအောင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ၈။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးရသည်။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။ ၉။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးရသည်။ ၁၀။ မုန့်ဟင်းခါးအရသာ

ခရေပင်နှင့် ကျန်းမာရေးအကျိုး ကျေးဇူးများ

Image
 ခရေပင်နှင့် ကျန်းမာရေးအကျိုး ကျေးဇူးများ ခရေပင်ကို ခယားပင်ဟုလည်း ခေါ်၍ ချယားပင်ဟုလည်း လူသိများသည်။ ခရေပင်သည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း နှင့် ဗန်းမော်ခရိုင်တို့၌ အလေ့ကျပေါက်တတ်၍၊ အခြားဒေသ များ၌လည်း စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ခရေပင်သည် ပေ ၅ဝ ခန့်အထိ မြင့်နိုင်၍၊ အမြဲစိမ်းအရွက်များ ထူထပ်စွာ ရှိသဖြင့် အရိပ်ကောင်းကို ပေးနိုင်သည်။  ခရေမှာ အောက်ပါ ဓာတ်တွေ ပါဝင်နေပါတယ်။Advertisement, Sterols, Tannins, D-Mannitol Beta sitosterol, D- glucoside, Pentacyclic triterpene acids, Mimusops acid, Spinasterol, Taraxerol တို့ဖြစ်ပါတယ်။  အပင်ရဲ့ အခေါက်၊ အပွင့်နဲ့ အရွက်ကစလို့ အသီးပါမကျန် ဆေးဖက်ဝင်တဲ့ ခရေက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ ဆီးချို သက်သာစေတယ် ခရေ ရဲ့ အစေ့က သွေးချိုကျစေနိုင်ပါတယ်။ အင်ဆူလင်ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချို ရှိသူတွေအတွက် အသုံးပြုပေးလို့ ရပါတယ်။ အိပ်ပျော်စေတယ် ခရေ က ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် စိတ်တည်ငြိမ်စေနိုင်တဲ့ မယ်လတိုနင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အိပ်စက်မှု ဖြစ်စဉ်ကို မှန်ကန်စေပြီး

ရဲယိုပင်နှင့် ရဲယိုသီး၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများ

Image
  ရဲယိုပင်နှင့် ရဲယိုသီး၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများ မိမိတို့စားသုံးသော အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါ။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။ ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။ ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရ

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ

Image
ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်းခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း တို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်း ဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်း အတော်အသင့်ပါဝင်ပါတယ်။ ဗောက်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ Polyphenols နဲ့ carotenoid တွေလည်းပါဝင်ပါတယ်။ ဗောက်သီးကနေ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးများ ဆီးချို (Diabetes) ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ် ရောင်ရမ်းမှုကိုသက်သာစေခ

မန်ကျည်းပင်၏ ဆေးဖက်ဝင်ဆေးနည်းတိုများ

Image
မန်ကျည်းပင်၏ ဆေးဖက်ဝင်ပုံနှင့် ဆေးနည်းတိုများ မန်ကျည်းပင်က နွေရာသီမှာ အတော်လေး အေးမြတဲ့ အရိပ်ကိုပေးပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေကို အများဆုံး မြင်တွေ့ရပါတယ်။ မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။  တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို ပြန်လည်မျှဝေလိုက်ပါတယ်။ မန်ကျည်းခေါက် ဆိုတာ မန်ကျည်းခေါက် ဆိုတာက ပင်စည် ဒါမှမဟုတ် အကိုင်းရင့်ရင့်လေးတွေရဲ့ ပင်စည် အပြင်ဘက်ကနေ ကာရံထားတဲ့ အခေါက်လေးတွေပါ။ အညိုပွေး ရှိပါတယ်။မန်ကျည်းခေါက် က အနီရောင်ထွက်တာ ရှိသလို မန်ကျည်းအဖြူခေါက်လည်း ရှိပါတယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ မန်ကျည်းပင် အခေါက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ က ဝမ်းဗိုက်ပြဿနာ ကင်းစေတယ် ➡ မန်ကျည်းခေါက်လေးကို ဗိုက်ထဲက စူးပြ

ဇီယာရွက်၏ ဆေးဖက်ဝင်အသုံးပြုပုံ

Image
 ဇီယာရွက် (သို့မဟုတ်) ဆေးသောက်စရာမလိုဘဲ ချောင်းဆိုးပျောက်စေမယ့် သဘာဝဆေးနည်း ➡ ဇီယာရွက်ကို ထောင်းပြီး ရလာတဲ့သတ္ထုရည်ကို ဆားပါရုံလေးထည့်​ဖျော်ပြီး ရှေးလူကြီးတွေက ချောင်းဆိုးအမျိုးမျိုးသက်သာပျောက်ကင်းစေဖို့ သုံးစွဲခဲကြပါတယ်။ ဇီယာရွက်က တကယ်လည်း ဆေးဖက်ဝင်သလို ချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ ➡ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ် ➡ အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ ➡အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။ ➡စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။

ကြောင်လျှာသီး၏ အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) မျိုးကို ပျောက်ကင်းစေသော ဆေးနည်းတိုများ

Image
 ကြောင်လျှာသီး၏ အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) မျိုးကို ပျောက်ကင်းစေသော ဆေးနည်းတို ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent , Bignoniaceae)။  (၁) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ (၂) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ (၃) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်ပါတယ် (၄) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။ (၅) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါ အဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ (၆) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ (၇) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏ (၈) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်

စပါးလင်နှင့် ၎င်း၏ဆေးဘက်ဝင်ပုံ

Image
 စပါးလင်နှင့် ၎င်း၏ဆေးဘက်ဝင်ပုံ အင်္ဂလိပ်အမည် - Lemon grass မျိုးရင်း- Poaceae ရုက္ခဗေဒအမည် - Cymbopogon Schoenanthus အဓိကဆေးဖက်ဝင်ပုံ အစာမကြေရောဂါ၊ နှာစေးချောင်းဆိုး ရောဂါ၊ အဖျားရောဂါ၊ သွေးပျစ်သော ရောဂါ၊ နှာစေးနှာပိတ်၊ နှာခေါင်းအနံ့မရရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဝဲနာ ယားနာ၊ အရေပြားရောဂါများအတွက် အသုံးပြုသည်။ ပေါက်ရောက်သည့်ဒေသ စပါးလင်(Lemon grass)နှင့် စပါးလင်မွေး (Lemon grass)သည် အာရှတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်တွင် ပေါက်ရောက် သော မြက်ပင်မျိုးနွယ် ဝင်အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်နေရာအနှံ့အပြား ပေါက်ရောက်သည်။ စပါးလင်မွေးကို စနစ်တကျ စိုက်ပျိုးကြသည်။ အမြင့်ပေ ၂၀၀၀ အထိ ဖြစ်ထွန်း နိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးလျှင် တစ်နှစ် အတွင်း ရိတ်သိမ်းနိုင်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ရိတ်သိမ်းနိုင်သည်။ မြေကို ပြုပြင်ပေါင်တင်ပြီး ရေသွင်းစိုက်ပျိုး၍လည်းရသည်။ စိုက်ပြီး ဒုတိယနှစ်မှစ၍ တစ်နှစ်လျှင် ၂ ကြိမ် (သီတင်းကျွတ်လတွင် ၁ ကြိမ်၊ တပို့တွဲလတွင် ၁ ကြိမ်) ရိတ်သိမ်းနိုင်သည်။ ဆေးဖက်ဝင်အစိတ်အပိုင်း- အရွက်၊ အမြစ်ခေါင်း၊ အဆီ။ အပင် -   သက်ငယ်ပင်နှင့်သဏ္ဌာန်တူ သည်။ ၄ ပေမှ ၆ ပေအထိမြင့်၍ စပါး

ပင်စိမ်းပင်အကြောင်းနှင့် ၎င်း၏ဆေးဖက်ဝင်ဆေးနည်းတိုများ

Image
 ပင်စိမ်းပင်အကြောင်းနှင့် ၎င်း၏ဆေးဖက်ဝင်ဆေးနည်းတိုများ ပင်စိမ်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပိုမိုပေါက်တတ်ပါတယ်။ ပင်စိမ်းပင်ဟာ သဘာဝအလျောက် ပေါက်ရောက်သောအပင်ဖြစ်သလို ကိုယ်တိုင်စိုက်ပျိုးလို့လည်းရပါတယ်။ မျိုးစေ့ကနေ အလွယ်တကူစိုက်ပျိုးလို့ရပါတယ်။ မြေသြဇာအထူးမလိုအပ်ပေ။ သူ့ရဲ့အပင်ပုံစံကိုတော်တော်များများ မြင်ဖူးကြမယ်ထင်ပါတယ်။ ပင်စိမ်းပင်ဟာ အပင်ငယ်မျိုးဖြစ်ပြီး အရွက်ကသေးပြီးနူးညံ့ပါတယ်။ အပွင့်ဖြူလေးတွေဟာ တပေါင်းတန်ခူးလတွေမှာ ပွင့်လေ့ရှိပါတယ်။ အရသာက ပူစပ်စပ်လေးဖြစ်ပြီး တချို့က ဟင်းချက်တဲ့အခါ ထည့်ချက်ပါတယ်။      ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင် ဆိုပြီး ပင်စိမ်းအမျိုးမျိုးရှိပါတယ်။ ပင်စိမ်းကိုဆေးဖော်ရာမှာ အရွက်နဲ့ အစေ့ကိုအသုံးပြုပါတယ်။ မြန်မာဆေးကျမ်းထဲတွင် ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကိုနိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီးသွေးကိုတက်စေ၏၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကိုနိုင်၏။ လူရဲ့ကျန်းမာရေးကို လွန်စွာအကျိုးပေးပါတယ်။ ပင်စိမ်းအရွက်နဲ့အစေ့ကို မြန်မာဆေးဝါးအဖြစ်အသုံးပြုပုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁)

ငုပင်၏ဆေးဖက်ဝင်ပုံနှင့် ဆေးနည်းတိုအသုံး

Image
 ငုပင်၏ဆေးဖက်ဝင်ပုံနှင့် ဆေးနည်းတိုအသုံး ငုကြီးပင်သည် ပေ ၅ဝ အထိမြင့်နိုင်၍ အကိုင်းအခက်နှင့် အရွက်များ ခပ်ကျဲကျဲသာ ထိုးထွက်နေသဖြင့် အရိပ်ကောင်း ကောင်း မပေးနိုင်ချေ။ သို့သော် နွေဥတုအကုန်လောက်၌ ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ထွက်ပြူစအချိန်နှင့် မရှေး မနှောင်းတွင် တစ်ပင်လုံး ဝင်းထိန်နေအောင် အဆုပ်လိုက် အခိုင်လိုက် တွဲလျားကျပွင့်လေ့ရှိသော အပွင့်ဝါများကြောင့် ဤငုပင်မျိုးကို ခြံဥယျာဉ်များတွင် အလှအပအတွက် စိုက်ပျိုး ထားတတ်ကြသည်။ ငုပင်သည် ကြီးခဲသော အပင်ဖြစ်သည်။ သို့သော် အမြစ်စွဲမိလျှင် ခိုင်ခံ့လာသည်။ ငုပင်ကို အစေ့မှ မျိုးပွားနိုင်သော်လည်း အောင်မြင်သည့်အစေ့များ နည်းပါး ခြင်းကြောင့် မြေဩဇာ ကျွေး၍ ဂရုတစိုက် စိုက်ပျိုးရသည်။ ပြောင်းရွှေ့စိုက်ပျိုးလျှင်လည်း မျိုးပင်များ နုနယ်ခြင်းကြောင့် ၂ နှစ်သား မျိုးပင်များကိုသာ ပြောင်းရွှေ့ စိုက်ပျိုးသင့်လေသည်။ အသက်နုစဉ် ငုပင်၏ပင်စည်သည် အဝါမွဲရောင်ရှိ၍ ချော မွတ်သော်လည်း ကြီးရင့်လာသောအခါ နီညိုရောင်ဖြစ်ကာ ကြမ်းလာသည်။ အရွက်များမှာ ၃ လက်မမှ ၇ လက်မအထိ ရှည်၍ ချောမွှတ်သည်။ အပွင့်များမှာ ဖော်ပြခဲ့သည့်အတိုင်း ဝါ၏။ အသီးတောင့်လုံးရှည်များမှာ ၂ ပေ၊ ၃ ပေခန့်ရှည်၍ မှည့်လျှင် အနက်ရေ

ရေဖျဉ်းရောဂါနှင့် အစွမ်းထက်မြန်မာဆေးနည်းတိုများ

Image
 ရေဖျဉ်းရောဂါနှင့် အစွမ်းထက်မြန်မာဆေးနည်းတိုများ 🥕🍐🍅🍓🍆🌽🌶🥝🍍🍉🍌🍋🍊🍎🍏 ရေဖျင်းရောဂါသည် အသည်းခြောက်ရောဂါ၏လက္ခဏာဖြစ်ပါတယ်။ အရက်စွဲသူများမှာဖြစ်လေ့ရှိပါတယ်။ 🥕 ခါကျစ်ဥ (ခေါ်) မုန်လာဥနီ ၂၅ ကျပ်သားကိုထောင်းအရည်ညှစ် သကြားနဲ့ရောစပ်သောက်ပါ။ 🍍 တောဆီးဖြူပင် ပဉ္စငါးပါးအမြစ်ပါနုတ်ပြီး ၃ခွက် ၁ခွက်တင်ကျိုသောက်ပါ။ 🍐 ကျောက်ဖရုံသီး အသားအဖက်များကို ပါးပါးလှီးပြီး ၀မ်းဗိုက်မှာတွင်ကပ်ပေးပါ။ 🍆 ရေဖျဉ်းရောဂါဖြစ်သော် ကုက္ကိုခေါက်ကို ပြုပ်သောက်ပါ။ (ရှေးနည်း) 🍓 ဘိန်းပြဲကိုယ်ရောင်ဖြစ်သော်၊ အခံမခက်လား။ ကြက်သွန်နီနှင့်မုန်လာဥနီကို ကြိတ်၍စားသော်၊ (လားကျမ်းမှ) 🍒 ကရမက်ကိုသွေးလိမ်းပါ။ သွေးသောက်ပါ။ထန်းလျက်နဲ့ရောစားပါ။မပျောက်လား။ 🍑 ငုခေါက်ကိုပြုပ်သောက်လျင် ၀မ်းသက်ပြီးဖောရောင်ကျစေသည်။ 🌽ပျဉ်းတော်သိမ်ရွက်ကိုထောင်း၊ဂေါ်ရခါးသီး အခါးမျိုးကို အရည်ညှစ်ပြီး သောက်ပါ။ 🌶 ၀မ်းဗိုက်တင်းရောင်ရောဂါဖြစ်လျင် ကြာဟင်း၂ဆ၊ ပိတ်ချင်း ၄ဆ၊ ဖန်ခါးခေါက် ၅ဆ ဤအလုံးစုံသောဆေးတို့ကို ညှက်အောင်အမှုန့်ပြု၍ ထိုဆေးအချိန်အတွယ်နှင့် တူညီသော ထန်းလျက်ကိုရော၍ ၃ ပဲသားခန့်အလုံးလေးများပြုလုပ်ပါ။ တစ်နေ့လျင် ၁လုံး၊ ၁၅ရက်ခန့်သောက်ခဲ့သော်ပျောက်ကင်း၏။

ပဲနံ့သာနှင့် ကျန်းမာရေးအကျိုးပြုဆေးဖက်ဝင်ပုံ

Image
 ပဲနံ့သာနှင့် ကျန်းမာရေးအကျိုးပြုဆေးဖက်ဝင်ပုံ ပဲနံ့သာပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာ ပဲနံ့သာစေ့ကို ထည့်သွင်းချက်ပြုတ်လေ့ရှိ ကြပါတယ်။ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ပဲနံ့သာစေ့ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိသလို ဆံပင်သန်ဆေးအဖြစ်နဲ့လည်း သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ ပဲနံ့သာစေ့က ကျန်းမာရေး ကောင်းစေရုံ၊ ဆံပင်တွေ သန်စွမ်းစေရုံသာမက အခြားကျန်းမာရေးကောင်းကျိုးများစွာတွေရပါတယ်။ ပဲနံ့သာစေ့ကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပေးခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း သားသမီးရရှိစေနိုင်မှာဖြစ်တဲ့အပြင် အရေပြားအတွက်လည်း ကောင်းကျိုးတွေ ပေးစွမ်းနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပဲနံ့သာစေ့ (Fenugreek Seed) ပဲနံ့သာပင် ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အ

ဆင်ငိုမြက် (Paragis) ၏ အံ့ဖွယ်ဆေးဖက်ဝင် အကျိုးကျေးဇူးများ

Image
 ဆင်ငိုမြက် (Paragis) ၏ အံ့ဖွယ်ဆေးဖက်ဝင် အကျိုးကျေးဇူးများ 📖မြန်မာပြည်မှာတော့ ဆင်ငို​​မြက်(Paragis) လို့ခေါ်ပါတယ်။ ဒီမြက်ခင်းပြင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့တာ အံ့သြစရာမရှိပါဘူး။ ၎င်း၏ အဆုံးမရှိသော ကျန်းမာရေး အကျိုးကျေးဇူးများဖြင့်၊ ၎င်းသည် လူသားများအတွက် အမှန်တကယ် သဘာဝကပေးသော အထူးလက်ဆောင်ဖြစ်ပါသည်။ 📖ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းနှင့် အများအားဖြင့် ပူနွေးသောနိုင်ငံများတွင် ဤဆင်ငိုမျက်ကိုတွေနိုင်သည်။ ဤမြက်များသည် မြစ်ကမ်းပါးများ၊ အခြေချနေထိုင်ရာ ဒေသများနှင့် လမ်းများတစ်လျှောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပေါက်တတ်ပါသည်။ 📖၎င်း၏ များပြားလှသော အသုံးအဆောင်များကို  မသိခြင်းကြောင့် ၎င်း​မြက်ကို အများအားဖြင့် လျစ်လျူရှုထားကြသည်။ သာမန်နှင့် ပြင်းထန်သော ရောဂါများကို ကုသရာတွင် ဤမြက်ပင်သည် မည်မျှ အံ့ဩစရာကောင်းပြီး ထိရောက်မှုရှိကြောင်း လူအများက သက်သေခံခဲ့ကြသည်။ ယခုဤဆင်ငိုမြက်၏ အကျိုးကျေးဇူးအများအပြာကို တင်ပြပေးပါမည်။ ဆင်ငိုမြက်(Paragis) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ - ➡ ဆင်ငိုမြက်သည် မတူညီသောဖျားနာမှုများအတွက် အစားထိုးဆေးဝါးအဖြစ် အာဖရိကတွင် တွင်ကျယ်စွာအသုံးပြုသည်။ ➡ Porac, Pampanga မှ Aeta လ

အဝေရာပင် (ခ) ဘောစကိုင်းပင်နှင့် ဆေးဖက်ဝင်အသုံးပြုပုံ

Image
 အဝေရာပင် (ခ) ဘောစကိုင်းပင်နှင့် ဆေးဖက်ဝင်အသုံးပြုပုံ ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။ အပင်ပင်လတ် တစ်မျိုးဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင်ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။ အရွက် ငှက်မွှေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။ အပွင့် ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဌာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။ အသီး သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။ အသုံးပြု

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

Image
 အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့ ➡ ပန်းသေ ပန်းညိူးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကို အခြောက်လှန်း အမူန့်ပြုပြီး ပျားရည်နဲ့ သောက်ပါ။ ➡ ကုက္ကိုခေါက်မှုန့်ကို ထောပတ်၊ ပျားရည်တို့နှင့်ရောစပ်ပြီး လေးပဲသားခန့် ညအိပ်ရာဝင်ချိန်တွင် ရေအေးဖြင့်သောက်ပါ။  ➡ ခွေးလှေး ယားသီးအစေ့ကို နွားနို့နှင့်ပြုတ်ပြီးမှ နှမ်းဆီဖြင့်လှော်စားပါ။ နံနက်/ညငါးစေ့ထက်ပိုမစားရ။  ➡ ငါးကြင်းသားကို နှမ်းဆီ၊ ထောပတ်တို့ နှင့် ကြော်စားလျှင် အားဖြစ်စေပါတယ်။  ➡  ပဲနံ့သာ ကိုအမျိုးသားတွေမှာ ကာမအားတိုးစေနိုင်ခြင်း၊ပဲနံ့သာစေ့ကို အမျိုးသားရောဂါအမျိုးမျိုးအတွက် သဘာဝဆေးတစ်လက်အနေနဲ့အသုံးပြုလို့ရပါတယ်။ ပဲနံ့သာစေ့က လိင်စိတ်ဆန္ဒကို နှိုးဆွပေးပြီးtestosterone ပမာဏကိုလည်း တိုးစေပါတယ်။ စွမ်းဆောင်ရည်ကိုတိုးစေနိုင်ပြီး ပန်းသေတဲ့ရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ ➡ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ သုံးမျိုးကို ရောစပ်စားပါက ယောကျ်ားခွန်အားဖြစ်ပါတယ်။ ➡ (လိမ်းဆေး)နန်းလုံးကြိုင်ပင်အမြစ်ကို အခြောက်လှန်း သွေးပြီး လိင်အင်္ဂါတွင် လိမ်းပေးပါ။  ➡ ကြက်သွန်ဖြူဥတစ်လုံးကို ပါးပါးလှီးပြီး ပျားရည်နှင့်စိမ်ပြီး တစ်ခါစား တစ်စွန်း တစ်န

အမျိုးသမီးဆိုင်ရာရောဂါများအတွက် မြန်မာဆေးနည်းတိုများ စုစည်းမှု့

Image
 အမျိုးသမီးဆိုင်ရာရောဂါများအတွက် မြန်မာဆေးနည်းတိုများ စုစည်းမှု့ အမျိုးသမီး ကျန်းမာရေး မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။ 🍎 အမျိုးသမီးများ ရာသီဓမ္မတာလာခြင်းမရှိတော့ဘဲ ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိတော့သော အခြေအနေကို မီးယပ်သွေးဆုံးခြင်းဟု သတ်မှတ်ပါသည်။ ထိုအခြေအနေတွင် Oestrogen ဟုခေါ်သော အမျိုးသမီးဟော်မုန်းများ လျော့နည်းလာတတ်ပါသည်။ အမျိုးသမီးအများစုသည် အသက်( ၄၅ ) မှ ( ၅၅ ) ဝန်းကျင်တွင် မီးယပ်သွေးဆုံးသော အခြေအနေ ဖြစ်တတ်ကြပါသည်။ ထိုသို့ မီးယပ်သွေးဆုံးသောအခါ အဖြစ်များသော မီးယပ်သွေးဆုံးလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 🚺  ညအိပ်ချိန်တွင် ချွေးထွက်များခြင်း 🚺  ခန္ဓာကိုယ် ပူလိုက်အေးလိုက်ခံစားရခြင်း 🚺  အရိုးအဆစ် နာကျင်ကိုက်ခဲခြင်း 🚺  ကြွက်သား နာကျင်ကိုက်ခဲခြင်း 🚺  ခန္ဓာကိုယ်အလေးချိန် တက်လာခြင်း 🚺  ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း 🚺  ခေါင်းကိုက်ခြင်း 🚺  မူးဝေခြင်း 🚺  ပျို့ခြင်း 🚺  မှတ်ဉာဏ်ကျဆင်းခြင်း 🚺 ဆံပင်ကျွတ်ခြင်း 🚺  အရေပြားခြောက်သွေ့ခြင်း 🚺  စိတ်တိုလွယ်ခြင်း 🚺  စိတ်အတက်အကျမြန်ခြင်း 🚺  စိတ်ကျရောဂါဖြစ်ခြင်း 🚺  ဝမ်းဗိုက်ကယ်ခြင်း 🚺  ပါးစပ်ခြောက်ခြင်

နှလုံးရောဂါနှင့်အသည်းရောင်အသားဝါရောဂါ တို့အတွက် ၀က်သားကြွက်နားရွက်းပေါင်း

Image
နှလုံးရောဂါနှင့်အသည်းရောင်အသားဝါရောဂါ တို့အတွက် ၀က်သားကြွက်နားရွက်းပေါင်း ===================== တစ်မျိုးခြင်းပုံမှန်စွမ်းအား ကိုသာ ပေးစွမ်းနိုင်သော်လည်း အစားအစာ နှစ်မျိုးသုံးမျိုးပေါင်းစပ်လိုက်သောအခါယခင်က မပေါ်ထွက်ဖူးသေးသည့် စွမ်းအားသစ်ဖြစ် သော သဘာ၀သတ္တိထူးတစ်ခု ပေါ်ထွက်လာပါသည်။၀က်သားသည်အသည်းရောင်အသားဝါရောဂါတွင် အပူကြောင့်ဖြစ်သဖြင့် ၀က်သားသည် အကျိုးပြုနိုင်၏။နှလုံးရောဂါကို အကျိုးပြုနိုင်၏။ ဝက််််သား ကြွက်နားရွက်သည် ဒေါသသုံးပါးလုံးကို နိုင်၏။အသက်ကို ရှည်စေ၏။ကိုယ်ခံစွမ်းအားတို့ကို ကောင်းမွန်စေ၏။ထို့ကြောင့် ၀က်သားကြွက်နားရွက်ဟင်းလျာသည် နှလုံး။အသည်းရောဂါတို့အတွက် ကောင်းစွာ အကျိုးပြုနိုင်သည်။ ကြွက်နားရွက်မှို တရုတ်ဇီးသီးခြောက်  ၀က်သားကြွက်နားရွက်ဟင်း(ပေါင်း)ပြုလုပ်ပုံ ====================== ၀က်သားအသားသက်သက် ၁၀ ကျပ်သား ကြွက်နားရွက် ၁ ကျပ်သား တရုတ်ဆီးသီး (အနီ၊အမည်း) ၁ ကျပ်သား ဆီ စားပွဲဇွန်း ၂ ဇွန်း ကြက်သွန်ဖြူနီ ၃ ဥ ဆား၊ငံပြာရည်၊သကြား သင့်ရုံ ငရုတ်ကောင်းမှုန့် ၀က်သားကို ရေဆေး၍ နုပ်နုပ်စင်းပါ။ကြက်သွန်ဖြူနီတို့ကိုလည်း စဥ်းပါ။ ကြွက်နား၇ွက်ကို လှီးထားပါ။ ဆားသကြား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်တို့ဖ

ဆီးရောဂါ၊သွေးအန်သွေးလျှံရောဂါ၊အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့် ကြက်သားနှင့် ကျောက်ဖရုံသီးဟင်း

Image
ဆီးရောဂါ၊သွေးအန်သွေးလျှံရောဂါ၊အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့် ကြက်သားနှင့် ကျောက်ဖရုံသီးဟင်း ====================================== ကျောက်ဖရုံသီးသည် လူသား၏ ခန္ဓာကိုယ်တွင် နှစ်ရှည်လများ ကိန်းအောင်းနေသော သွေးသည်းခြေ တို့၏ ငုပ်ခိုး၊ပုပ်ခိုး ကို ကောင်းစွာ စုပ်ယူခြေဖျက်နိုင်သည့်အပြင် ခန္ဓာကိုယ်တွင်း ရောဂါပြီးစနစ်၏ စွမ်းအားများ ကို ကောင်းစွာတိုးတက်စေသည့်အပြင် အခြားတစ်ပါးသော ရောဂါဘယများ လွယ်ကူစွာ မ၀င်ရောက်နိုင်တော့ပဲ ရောဂါတို့ကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားနိုင်သည်။ အာယုဗ္ဗေဒ ဆေးကျမ်းတို့တွင် ကျောက်ဖရုံသီးသည် ဆီးကိုများစေ၏။ဆီးအိမ်ကို စင်ကြယ်စေ၏။ နှလုံးကို အကျိုးပြု၏။ကျောက်တည်ခြင်းကို နိုင်၏။လေနှင့်သည်းခြေဖောက်ပြန်ခြင်းကို နိုင်၏။အသီးစိမ်းသည် ဓါတ်သုံးပါးကို နိုင်၏။အသီးမှည့်သည် ဒေါသသုံးပါးကို နိုင်၏။ချောင်းဆိုး၊ပန်းနာရင်ကြပ်၊သံပိုး၊တုတ်ပိုး၊ရောဂါများကို ပျောက်ကင်းစေ၏။ ဒေါသသုံးပါးနိုင်သည့် အပင်သည် အလွန်အစွမ်းထက်သည်။ အသီးရင့်ပြီးမှည့်မှ ကောင်း၏။တေဇော၊ဝါယော ဦးဆောင်မှုများလာ၏။အသီးအသားကို ကြည့်ပါ။အူတိုင်များကြီးထွားလာပြီး အခေါင်းကျယ်လာခြင်း အသားဖြူလာခြင်း တို့ကို တွေ့နိ

အသည်းကျွတ်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဉ်းနှင့်အဖျဉ်းရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည့် သပြုသီးနှင့် ၀က်နံရိုးဟင်းချို

Image
 အသည်းကျွတ်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဉ်းနှင့်အဖျဉ်းရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည့် သပြုသီးနှင့် ၀က်နံရိုးဟင်းချို ====================================== ရင်၀ထိုးအောင့်သောရောဂါ၊မောပန်းခြင်း၊အပူပြင်းထန်သော အဖျား၊ချောင်းဆိုးရောဂါ၊အပူချောင်း၊ ချောင်းခြောက်ဆိုးခြင်း၊အပူလွန်အဖျား၊အဆိပ်သင့်သောအနာ၊ဒူလာသွေး၀မ်း၊မီးယပ်သွေး၀မ်း၊သွားကိုက် သွားနာ၊ပွေးဝဲနှင်းခူများကို ပျောက်ကင်းစေသည်။အသည်းအဖျဉ်းရောဂါကိုလည်း ပျောက်ကင်းစေသည်။ အထူးခြားဆုံးအာနိသင်မှာ ခွေးရူးပြန်ရောဂါကို ပျောက်စေတတ်သည်။ခွေးကိုက်ခံရသည်နှင့် သပြုသီးကို ဖြစ်စေ၊သပြုခေါက်ကိုဖြစ်စေ အနာပေါ်လိမ်းပေးခြင်း၊စားသောက်ခြင်းများပြုလုပ်ပါက အနာအမြန်ကျက်ပြီး ခွေးရူးပြန်ခြင်းလုံး၀ မဖြစ်နိုင်ပါ။ လူသား၏ ခန္ဓာကိုယ်တွင် အဆိပ်အတောက်များကို အဓိက ဖယ်ရှားရသည့် အင်္ဂါအစိတ်အပိုင်းမှာ အသည်းဖြစ်သည်။ အသည်းထိခိုက်ပျက်စီးရမှု မှန်သမျှသည် ခန္ဓာကိုယ်တွင်း၀င်လာသည့် မလိုလားအပ်သော အဆိပ်အတောက် ကို ဖယ်ရှားရခြင်းစသည့် ကြီးမားပြင်းထန်သော အလုပ်များကို လုပ်ကိုင်ရသောကြောင့် ဖြစ်၏။ နောက်ဆုံးအသည်းကောင်းစွာအလုပ်မလုပ်နိုင်သော အခါတွင် ➡အသည်းရောင်ခြင်း။ ➡အသည်းကျစ်ခြင်း။ ➡ရေဖျဉ်း

ကင်ပွန်းချဉ်ပင် ဆေးဖက်ဝင်ပုံနှင့် ကျန်းမာရေးအထောက်ကူပြု ဆေးနည်းတိုများ

Image
 ကင်ပွန်းချဉ်ပင် ဆေးဖက်ဝင်ပုံနှင့် ကျန်းမာရေးအထောက်ကူပြု ဆေးနည်းတိုများ နွေရာသီ ပူပြင်း ခြောက်သွေ့သော ကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူအတွက် အာဟာရဖြစ်ပြီး မကျန်းမာသူအတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံးနိုင်သည်။ ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျပေါက်သော စားသုံးပင်ဖြစ်သည်။ 🏆 ကင်ပွန်းချဉ်သည် အသည်း အတွက် အစွမ်းထက် အသုံးဝင်သည်။ ကင်ပွန်းချဥ်ရွက်တစ်ဆယ်သားခန့်ကို ထန်းလျက် ငါးကျပ်သားခန့် ဆားမကျီးစေ့နှစ်စေ့ခန့်နှင့် ရေသန့် ၃ လီတာထည့်ပြီး အရည် ၁ လီတာကျန်သည်အထိ ကြိုပြီး မနက်တစ်ဖန်ခွက် နေ့လည်တစ်ဖန်ခွက် ညတစ်ဖန်ခွက်သောက်ပေးပါက အဆစ်ယောင်ရောဂါ ၊ အသည်းရောဂါတို့ကိုပျောက်ကင်းစေပြီး အခြားကိုယ်ခန္ဓာကျ

ဒန့်သလွန်အရွက် ဆေးဖက်ဝင်ပုံနှင့် အံ့ဖွယ်ကျန်းမာရေးအကျိုးကျေဇူး

Image
ဒန့်သလွန်အရွက် ဆေးဖက်ဝင်ပုံနှင့် အံ့ဖွယ်ကျန်းမာရေးအကျိုးကျေဇူး ကျွန်တော်ကတစ်ပတ်ကို  ဒန့်သလွန်ရွက် လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။ဒီနေ့ဒန့်သလွန်ရွက်လက်တစ်ဆုပ်ကြော်စားရင်းနဲ့အမျိုးတွေကိုလည်းသတိရပြီးမျှဝေချင်တဲ့စိတ်ဖြစ်လာတဲ့အတွက်ဒန့်သလွန်ရွက်ရဲ့အံ့သြဘွယ်ရာကောင်းကျိုးတွေတန်းစီပြီးပြောပြပါမယ်။ ကျွန်တော်ငယ်ငယ်တုန်းကနို့ကောင်းကောင်းမထွက်တဲ့ကလေးမိခင်တစ်ယောက်ကိုတွေ့ဖူးပါတယ်။အဲဒီကလေးအမေဟာဒန့်သလွန်ရွက်ဟင်းချိုသောက်ပြီးနောက်မှာအဖြူရောင်နို့ရည်တွေပန်းပြီးထွက်လာတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းကသူဌေးကြီးတစ်ယောက်ဆိုရင်သွေးတိုးဆီးချိုအကြီးအကျယ်ဖြစ်တာ။သွေးက၁၈၀လောက်တက်တယ်၊ဆီးချိုက၄၀၀လောက်တက်တယ်။ဘယ်လိုလုပ်သက်ဆိုးရှည်နိုင်ပါ့မလဲ။သို့သော်ဒန့်သလွန်ရွက်ကိုထောင်းပြီးသောက်လိုက်တော့  သွေးတိုး ရော  ဆီးချို  ပါပုံမှန်ပြန်ဖြစ်သွားတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။အခုဆိုရင်အသက်၉၀နီးပါးရှိနေပါပြီ၊ကျန်းမာဆဲပါပဲ။ တောရွာတွေမှာဆောင်းတွင်းမိုးတွင်းဆိုရင်ကလေးလူကြီးအများစုနှာစေးနှာမွှန်အအေးမိကြလေ့ရှိတယ်။ဟတ်ချိုးဆိုတဲ့အသံဟာရွာလုံးကျွတ်ပဲ။ဒန့်သလွန်ဟင်းခါးပူပူလေးတွေပေးသောက်လိုက်တော့အချိန်တိုအတွင်းမှာပျောက်